သတင်းတို
ကြံ့ခိုင်ရေး ရုံးနှင့် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲသူ ABSDF အဖွဲ့ဝင်ဟု ဆို
This article has been converted from Zawgyi One to Unicode
ဧရာဝတီတိုင်း မြန်အောင်မြို့ ကြံ့ခိုင်ရေး ပါတီရုံးနှင့် ဟင်္သာတမြို့ အုပ်ချုပ်ရေးမှူးရုံး များကို ဖောက်ခွဲရေးပြုလုပ်သူသည် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) အဖွဲ့ဝင် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများက ရေး သား သည်။ ၂၀၁၁ ခု နိုဝင်ဘာ ၂၀ ရက် မြန်အောင်မြို့နှင့် ၂၀၁၂ ခု မတ်လ ၆ ရက် ဟင်္သာတမြို့များ၌ ဖောက်ခွဲမှုများပြုလုပ်သူ ABSDF မှ ကိုသန်းကိုဦး ခေါ် ကိုမင်းဇော်ကို မေလ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ဖမ်းဆီးရမိခဲ့သည်ဟု သတင်းစာများက ဓာတ်ပုံ နှင့်အတူ ဖော်ပြထားသည်။