အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများ ရပ်ဆိုင်းရန်ပြုလုပ်မည်ဆိုပါက ထောက်ခံသော်လည်း မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုများသည် နောက်ကြောင်းပြန် မလှည့်နိုင်ဟု တရားသေ သတ်မှတ်၍ မရသောကြောင့် သတိထားရန် လိုအပ်ကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။ ဝါရှင်တန်ဒီစီမြို့၌ မေလ ၁၅ ရက်နေ့က ကျင်းပသော သမ္မတဟောင်း ဂျော့ဘုရှ် အမှတ်တရဌာနက ကြီးမှူးကျင်းပသည့် လူသားနှင့် လွတ်လပ်မှုအခွင့်အရေး(Acceleration of Human Freedom) အခမ်းအနား သို့ ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်မှတဆင့် ပြောဆိုခြင်း ဖြစ်သည်။ တနင်္လာနေ့ က ဝါရှင်တန် ဒီစီတွင် ကျင်းပသော အခမ်းအနားတခုတွင် အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်းက မြန်မာနိုင်ငံအပေါ် အမေရိကန်က ချမှတ်ထား သည့် ပိတ်ဆို့ ဒဏ်ခတ်မှုများကို ခေတ္တ ရပ်ဆိုင်းပေးရန် တိုက်တွန်း ပြောကြားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။