• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပိတ်ဆို့မှုများ သတိနှင့် ရုပ်သိမ်းပါ

by လင်းသန့်
16 May 2012
in သတင်း
A A
ပိတ်ဆို့မှုများ သတိနှင့် ရုပ်သိမ်းပါ

ဝါရှင်တန်ဒီစီတွင် ယမန်နေ့က ကျင်းပသော လူသားနှင့် လွတ်လပ်မှု အခွင့်အရေး အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည် ၏ အွန်လိုင်းပေါ်မှ ပြောကြားချက်ကို အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်၏ ဇနီး မစ္စ လော်ရာ ဘုရှ် ကြည့်ရှု နားထောင် နေစဉ် (ဓာတ်ပုံ - Reuters)

9.2k
VIEWS
Share on FacebookShare on Twitter

မြန်မာ့နိုင်ငံရေး အပြောင်းအလဲ သည် နောက်ကြောင်း ပြန်လှည့်မည်၊ မလှည့်မည်ကို သေချာ မပြောနိုင်သေးသည့် အတွက် အမေရိကန် နိုင်ငံ၏ မြန်မာအပေါ် စီးပွားရေးဒဏ်ခတ်မှု ခေတ္တ ရပ်ဆိုင်းမည်ဆိုပါက ကြိုဆိုသော်လည်း သတိနှင့်ဆောင်ရွက် သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ဝါရှင်တန်ဒီစီတွင် ယမန်နေ့က ကျင်းပသော လူသားနှင့် လွတ်လပ်မှု အခွင့်အရေး အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည် ၏ အွန်လိုင်းပေါ်မှ ပြောကြားချက်ကို အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်၏ ဇနီး မစ္စ လော်ရာ ဘုရှ် ကြည့်ရှု နားထောင် နေစဉ် (ဓာတ်ပုံ - Reuters)

“အမေရိကန် ပြည်သူတွေအနေနဲ့ အခု လက်ရှိအခြေအနေမှာ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးဖို့ သင့်လျော်တယ်လို့ ယူဆရင် ဒီကိစ္စအပေါ် ကျမအနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမယ့် ဒီနေရာမှာ သတိထားဖို့ ကျမ ထောက်ပြ လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
56
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
55
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
839

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “လူတွေက မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေအပေါ် သိပ်ပြီး အကောင်းမြင်လွန်းကြ တယ်လို့ ကျမ တခါတလေ ခံစားရတယ်။ ဒီမိုကရေစီဖော်ဆောင်မှုဟာ နောက်ပြန်မဆုတ်နိုင်ဘူးလို့ ပြောလို့ မရနိုင်ဘူး ဆိုတဲ့ အချက်ကို ကျမတို့ မမေ့အပ်ပါဘူး”ဟုလည်း ပြောဆိုသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် မေလ ၁၅ ရက် နေ့က ကျင်းပသော သမ္မတ ဟောင်း ဂျော့ဘုရှ် အမှတ်တရ ဌာနက ကြီး မှူး ကျင်းပသည့် လူသားနှင့် လွတ်လပ်မှု အခွင့်အရေး(Acceleration of Human Freedom)အခမ်းအနား၌ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Skype အွန်လိုင်းမှတဆင့် ဝါရှင်တန်ပို့စ် သတင်းထောက်၏ မေးမြန်းချက် ကို ဖြေ ကြားသွားခြင်းဖြစ်သည်။

တပ်မတော်ဘက်ကလည်း ဒီမိုကရေစီဖော်ဆောင်ရာတွင် လေးနက်ခိုင်မာစွာ ဆုံးဖြတ်ထားမှု မချမှတ်မချင်း နောက် ပြန် ဆုတ် သွားမည်၊ မသွားမည် သေချာ မပြောနိုင်ကြောင်း သူကဆိုသည်။

အမေရိကန်က မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ထားသည်များကို ယာယီ ရုပ်သိမ်းပေးရေးအတွက် မကြာသေး ခင် ရက်ပိုင်းက အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ပြောကြားခဲ့ ခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် က တုံ့ပြန် ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုကို မြန်မာ အစိုးရက ရက်စက်စွာဖြိုခွင်းခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို အမေရိကန်က သံတမန် အဆင့်လျှော့ချခဲ့သည်။ ၁၉၉၇ ခုနှစ်မှ စတင်၍ စစ်အစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်ခြင်းနှင့် စီးပွားရေး ဒဏ်ခတ်အရေးယူမှုများ လုပ်ဆောင်ခဲ့သည်။

၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု အပြီးတွင် Burma Freedom and Democracy Act of 2003 , Tom Lantos Block Burmese JADE ( Junta’s Anti-Democratic Efforts) Act of 2008 ကိုလည်းကောင်း ဥပဒေများ ပြဋ္ဌာန်း၍ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် နည်းပညာ အကူအညီပေးခြင်း ဆိုင်ရာ အရေးယူမှုများကိုလည်း ပြုလုပ်ခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲလာစေရန် ဒဏ်ခတ်ပိတ်ဆို့မှုနည်းကို အသုံးပြုခဲ့သည်မှာ ထိရောက်မှုရှိကြောင်း၊၂၀၁၀ ရွေးကောက်ပွဲအပြီး ပထမဆုံး ခေါ်ယူသည့် လွှတ်တော် အစည်းအဝေးတွင် တင်ပြဆွေးနွေးပြီး ပိတ်ဆို့ ဒဏ်ခတ်မှု ရုပ်သိမ်းရေး အဆို အတည်ပြုခြင်းသည် သာဓကဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာအစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု စစ်မှန်ပါက အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား လုံးဝမရှိသင့်တော့ ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ အဓိက လုပ်ငန်းစဉ်ဖြစ်သော၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေးသည် လွှတ်တော်တွင်းရှိ တပ်မတော်သားများ၏ ထောက်ခံမှုမရှိလျှင် မဖြစ်နိုင်သေးသကဲ့သို့ စစ်တပ် ၏ ထောက်ခံမှု ရရန်လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျမတို့အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အရင်ဆုံး လုပ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဖွဲ့စည်းပုံ ပြင်ဖို့က လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်း ထောက်ခံမှ ဖြစ်မှာပါ။ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းက စစ်တပ်က ခန့်ထားတဲ့ ကိုယ်စားလှယ်တွေပါ။ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ဖို့ဆိုတာ စစ်တပ်ရဲ့ ထောက်ခံမှု ရှိမှ ရမှာပါ”ဟု သူက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် ပြည်ထဲရေး ဝန်ကြီးနှင့် ဆက်လက်ဆွေးနွေးမှုများ ရှိကြောင်း၊ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၃၀၀ သည်လည်း NLD မှ တင်ပြ     ထားသည့် စာရင်းတွင်ပါရှိကြောင်း ထည့်သွင်းပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် စစ်တပ်ကို ချဉ်းကပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မကြာသေးခင်က ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ နမ်ဘီယာကို တယ်လီဖုန်းနှင့် ပြောရာတွင်လည်း ထည့်သွင်းပြောကြားခဲ့သည်။

Your Thoughts …
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ပိတ်လှောင်ခိုင်းစေခံရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်ကို ကယ်ဆယ်

ပိတ်လှောင်ခိုင်းစေခံရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်ကို ကယ်ဆယ်

နော်ခမ်းတပ်ဖွဲ့ဝင်များ လက်နက်ချ

နော်ခမ်းတပ်ဖွဲ့ဝင်များ လက်နက်ချ

Please login to join discussion
No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate