ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများသည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း ခရီးစဉ် အဖြစ် တနင်္သာရီတိုင်း ထားဝယ်နှင့် လောင်းလုံမြို့နယ်များသို့ မေလ ၁၅ ရက်နေ့ကသွားရောက်ရာ ဒေသခံ ထောက်ခံသူများ၏ ၈၈ မျိုးဆက်ကျောင်းသားများအား ကြိုဆိုပါ၏ စာတမ်းနှင့် အသံချဲ့စက် အသုံးပြုမှုကို ဒေသအာဏာပိုင်က ဟန့်တားခဲ့ကြောင်း သတင်း ရရှိသည်။ သို့သော် လောင်းလုံမြို့နယ် အောက်ရေဖြူကျေးရွာတွင် ဒေသခံ ၅၀၀ ခန့်နှင့် မြေယာသိမ်းဆည်းခံရသည့်ကိစ္စအပါအဝင် ပွင့်လင်းသည့် လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေးအတွက် အပြန်အလှန် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။