ကျန်းမာရေးကြောင့် နုတ်ထွက်စာ တင်ထားသည်ဆိုသော ဒုသမ္မတ ဦးတင်အောင်မြင့်ဦးသည် ယခုအခါ ရဟန်းဝတ်နေကြောင်း သိရသည်။ ပြုပြင်ပြောင်းလဲရေးကို မလိုလားသည့် ခေါင်းမာဂိုဏ်းသားဟု အများက သတ်မှတ်ကြသော ဦးတင်အောင်မြင့်ဦးသည် မေလ ၃ ရက်နေ့က ရဟန်းဝတ်သွားကြောင်း၊ ယခုထိလည်း ရဟန်းဝတ်နှင့် ရှိနေကြောင်း အစိုးရသတင်းရင်းမြစ် နှစ်ရပ်ကို ကိုးကား၍ AFP သတင်းဌာနက ရေးသားထားသည်။ စင်ကာပူတွင် ဆေးစစ်မှု ခံယူပြီးနောက် လည်ချောင်းကင်ဆာ ဖြစ်နေသည်ကို တွေ့ရှိရပြီး အမြင်အာရုံလည်း ချွတ်ယွင်းနေကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်စာ တင်ခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။