အစိုးရနှင့် အပစ်ရပ်ထားသော ကရင်အမျိုသားအစည်းအရုံး (KNU) က မွန်ပြည်နယ် ဘုရားသုံးဆူ၌ တတိယမြောက် ဆက်ဆံရေးရုံးကို မေလ ၁၅ ရက်နေ့က ဖွင့်လှစ်လိုက်သည်။ အဆိုပါ ဆက်ဆံရေးရုံး ဖွင့်ပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းနှင့် KNU ဘက်မှ ဗိုလ်ချုပ် စောမူတူးဆေးဖိုး၊ ပဒို စောရောဂျာခင်၊ ပဒို ဒေးဗစ်ထော စသူတို့ တက်ရောက်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။