အမျိုးသားစီမံကိန်းအရ ပထမ ၅ နှစ် စီမံကိန်း ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ် စီမံကိန်းကာလ ကုန်ဆုံးလျှင် ကမ္ဘာလှည့်ခရီးသည် ၁.၄ သန်း ရောက်ရှိရန် မျှော်မှန်းဆောင်ရွက်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဦးတင့်ဆန်းက ယမန်နေ့က လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။ ကမ္ဘာလှည့် ခရီးသည်ပိုမို လက်ခံနိုင်ရေးအတွက် လျှပ်စစ်မီးရရှိရေး၊ လမ်းများကောင်းမွန်ရေး၊ လေဆိပ်များ အဆင့်မြှင့်တင်ရေးနှင့် ဟိုတယ်များ တိုးချဲ့ရေး လုပ်ဆောင်နေကြောင်း သိရသည်။ E-visa စနစ်ကို ဆောင်ရွက်နိုင်ရန် Myanmar Ease Net ကုမ္ပဏီသို့ တာဝန်ပေးထားကြောင်းလည်း ဦးတင့်ဆန်းက ပြောကြားသွားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။