ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့တို့ ယခုလ ၁၉ ရက် နေ့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရှိရသည်။ အစိုးရတပ်များ၏ နယ်မြေစိုးမိုးရေး တိုက်ပွဲဆင်နွဲမှုများ အပေါ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရန်ရှိကြောင်း SSA တောင်ပိုင်း ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ယနေ့ပြောကြားသည်။ SSA တောင်ပိုင်းသည် မကြာသေးခင်က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီ ၂ ရပ်ကို ဖွဲ့စည်းထားသည်။ အစိုးရနှင့် SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များအကြား အပစ်အခတ် ရပ်စဲရေးနှင့် နယ်မြေသတ်မှတ်မှုများ သဘောတူညီမှု ရရှိထားသော်လည်း ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် အစိုးရတပ်က SSA တောင်ပိုင်း တပ်များကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။