နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ကျော် သိသာစွာ တိုးတက်မှု ရှိခဲ့သော်လည်း သဘာ၀ အရင်းအမြစ်များ အပေါ် အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများသာ ရာခိုင်နှုန်း အများဆုံးဖြစ်ကြောင်း သိရှိရသည်။
စီးပွ ားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး၏ အကြံပေး ဒေါက်တာမောင်အောင် အဆိုအရ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးတက်လာရေး အတွက် စီးပွ ားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အစိုးရက ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကျော်ဖြစ်လာခဲ့သည့် အတွက် ပြီးခဲ့သည့် ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ ၂၀ ဘီလီယံကျော် “သိသာစွာတိုးတက်” မှုရှိခဲ့ကြောင်း သိရသည်။
“သဘာ၀ အရင်းအမြစ်တွေ အပေါ်မှာဘဲ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရတဲ့ အကြောင်းအရင်းက နိုင်ငံခြားသား စီးပွ ားရေး လုပ်ငန်းရှင်တွေ အနေနဲ့ သူတို့မှာ ဒီလုပ်ငန်းနဲ့ ဆိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာ အားသာချက် တွေရှိတဲ့အပြင် သူတို့အတွက် အကျိုးအမြတ် ရရှိမှုကလည်း သေချာမှုရှိတာကြောင့်ပါ။ ကျန်တဲ့အခြားလုပ်ငန်းတွေက သူတို့အနေနဲ့ စွန့်စားပြီး လုပ်ရမယ့် အခြေအနေတွေကြောင့် အကျိုးအမြတ်က သေချာမှုမရှိလို့ ဒီလုပ်ငန်းတွေ အပေါ်မှာ ရင်းနှီးမြှုပ်နှံမှုက သိသာစွာ တိုးတက်ပြောင်းလဲမှု မရှိဘူး” ဟု ဒေါက်တာမောင်အောင်က ပြောသည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှုေ ကာ်မရှင်က ထုတ်ပြန်သည့် စာရင်းများအရ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာသန်းပေါင်း ၄၀၆၉၉ ရှိသည့်အနက် သဘာ၀ အရင်းအမြစ်များ ဖြစ်သည့် စွမ်းအင်၊ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ သန်းပေါင်း ၃၂၉၃၆ ရှိသောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့်ရှိပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ဒေါ်လာသန်းပေါင်း ၁၇၆၀ ရှိသည့်အတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၄ ရာခိုင်နှုန်းသာရှိသည်။
နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁၃ ဘီလီယံကျော်ရှိကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၃၄ ရာခိုင်နှုန်းကျော်ဖြင့် ပထမအဆင့်တွင် ရှိနေပြီး ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၉ ဘီလီယံကျော်ရှိကာ ၂၃ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယ အဆင့်တွင်ရှိနေသည်။
ပြီးခဲ့သည့် ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွ င် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၈ ဘီလီယံကျော်နှင့် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၂ ဘီလီယံကျော်သာ ရှိခဲ့သည်။
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက သဘာ၀ အရင်းအမြစ်တွေ အပေါ်မှာဘဲ အခြေခံပြီးတော့ ရင်းနှီးမြှုပ်နှံမှုရှိနေတာ တိုင်းပြည် စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ဘူး။ဒါကြောင့် တိုင်းပြည်၏စီးပွားရေး ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဒို့လိုချင်တာက ကုန်ထုတ်လုပ်မှု ကဏ္ဍတွေ မှာ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာဖို့ပါ။ ဘာကြောင့်လဲဆိုတော့ ကုန်ထုတ်လုပ်မှု ကဏ္ဍတိုးတက်လာမှ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်လာပြီး အလုပ်အကိုင် ရရှိမှုအခွင့်အလမ်းတွေ ပိုများလာမှာဖြစ်တယ်။ ဒါကြောင့် ကုန်ထုတ်လုပ်မှု ကဏ္ဍအပေါ်မှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံလာဖို့ ပိုပြီးတော့ ဖိတ်ခေါ်ရမှာဖြစ်တယ်” ဟု ဒေါက်တာမောင်အောင်က ဆိုသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စက်မှုဇုန် ကဏ္ဍတွေ အပေါ်မှာ ဝင်ရောက် ရင်းနှီးလာဖို့ မြန်မာနိုင်ငံက အလိုရှိကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးနိုင်ရန် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍတွေအပေါ် ပိုပြီး ရင်းနှီးမြှုပ်နှံစေချင်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးစိုးသိန်းက ဖေဖော်ဝါရီလ တစ်ရက်နေ့က အစိုးရရိပ်သာတွင်ပြုလုပ်ခဲ့သည့် ဥရောပစီးပွ ားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုတွင်ပြောကြားခဲ့သေးသည်။
“ကျွန်တော်တို့အနေနဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ အပေါ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ ဦးစားပေးအနေနဲ့ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီစက်မှုလုပ်ငန်းတွေက အလုပ်အကိုင် အခွင့်အလမ်းတွေ ကို ပိုမိုဖန်တီးနိုင်လို့ပါ။ အလားတူ စိုက်ပျိုးရေး ကဏ္ဍအပေါ်မှာလဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီမှာ စိုက်ပျိုးနိုင်တဲ့ လယ်ယာမြေက အများကြီးရှိတဲ့ အပြင် နိုင်ငံအနေနဲ့ကလဲ စိုက်ပျိုးရေးကို အခြေခံပြီး ဖွံ့ဖြိုးတိုးတက်ရေးမှာ အလားအလာ ကောင်းတွေရှိနေလို့ပါ” ဟု ဦးစိုးသိန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် အတွက် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း စောင့်ကြည့်လျက် ရှိနေကြောင်း ဟောင်ကောင် အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် အကြံပေးကုမ္ပဏီ Bagan Capital မှ အမှုဆောင်အရာရှိချုပ် မစ္စတာဂျရီမီခရောစောဂျုန်းက ပြောဆိုထားကြောင်း ပြည်တွင်းသတင်း အေဂျင်စီများတွင် ဖော်ပြထားသည်။
“နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အသေးစား ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ နဲ့ စားသောက်ကုန် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ကို ပိုပြီးစိတ်ဝင်စားမှုရှိကြတယ်” ဟု ဂျရီမီခရောစောဂျုန်းကဆိုသည်။
ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာရေးအတွက် လုပ်ငန်းခွန်စည်းကြပ်မှု ကင်းလွတ်ခွင့်ကို ငါးနှစ်အထိတိုးထားသည့်အပြင် ငွေကြေး လွယ်ကူစွာ လွဲပြောင်းဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာ စီးပွားရေးနှင့် လိုက်လျောညီထွေမှုရှိအောင် လုပ်ဆောင်နေသောကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာမည်ဟု မျှော်မှန်းထားကြောင်းလည်း ဒေါက်တာမောင်အောင်က ဆိုသည်။
“တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတွေမှာ လုပ်အားခဈေးနှုန်းတွေမြင့်တက်မှုရှိလာတာကြောင့် အဲ့ဒီနိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေ မြန်မာနိုင်ငံအတွ င်းထဲကို ဝင်ရောက်လာမှာဖြစ်လို့ ကုန်ထုတ် လုပ်မှု ကဏ္ဍအပေါ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့ရှိပါတယ်”ဟု ဒေါက်တာမောင်အောင်က ပြောသည်။