အမေရိကန်နှင့် မြန်မာနိုင်ငံအကြား သံအမတ်ကြီးအဆင့် ထားရှိရန်အစီအစဉ်တွင် မြန်မာအစိုးရဘက်က အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ယခုလက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေကို အဆိုပြုမည်ဖြစ်သည်ဟု နိုင်ငံခြား ရေး ဝန်ကြီးဋ္ဌာနနှင့် နီးစပ်သည့် သတင်းရပ်ကွက်ကို ကိုးကား၍ YPI သတင်းဌာန facebook ၌ ရေးသားထားသည်။ အမေရိကန် သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ခရီးစဉ်အတွင်း ယင်းကိစ္စကို အမေရိကန် အစိုးရသို့ အဆိုပြုတင်ပြသွားရန်ရှိသည်ဟုလည်း သိရသည်။ အမေရိကန်ရှိ မြန်မာသံရုံးတွင် သံမှူးကြီးအဆင့်သာ ထားရှိသေးပြီး လက်ရှိသံမှူးကြီးမှာ တပ်မတော်အငြိမ်းစား ဦးစိုးပိုင် ဖြစ်သည်။ အမေရိကန်ဘက်မှလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် လက်ရှိ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူး ဒဲရစ် မစ်ချဲလ်ကို အဆိုပြုထားသည်ဟု သိရသည်။ ၁၉၈၈ ခုနှစ် ဒီမို ကရေစီ အရေး လှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းပြီးချိန်မှစ၍ အမေရိကန်က စစ်အစိုးရနှင့် သံတမန်ဆက်ဆံရေး အဆင့် လျှော့ချခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။