ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီ တခုဖြစ်သည့် HTC ၏ အမှုဆောင် အရာရှိချုပ် (CEO) နှင့် ဥက္ကဋ္ဌ မစ္စတာ ပီတာချူး (Peter Chou) သည် မနက်ဖြန်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park တွင် ဟောပြော ဆွေးနွေးပွဲ တရပ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် မြန်မာအမည် ဦးဝင်းသန်းဖြစ်ပြီး မန္တလေးဇာတိ မြန်မာနိုင်ငံသား တဦးဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ် ၃၀ ခန့်က ထိုင်ဝမ် သို့ ပြောင်းရွှေ့ အခြေချခဲ့ကြောင်း မကြာသေးခင်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး မန္တလေး မှ နည်းပညာ(IT) ဝါသနာ ရှင် လူငယ်များနှင့် တွေ့ဆုံရာ၌ ပြောဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။