မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား ၁၉၉၁ခုနှစ်က ပေးအပ်ခဲ့သည့် နိုဘဲလ် ငြိမ်းချမ်းရေးဆု ယူရန် နော်ဝေနိုင်ငံသို့ ဇွန်လ ၁၄ ရက်နေ့ တွင် မြန်မာနိုင်ငံမှ စတင် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် သည် အော်စလိုမြို့သို့ ၁၅ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ နိုဘဲလ် ငြိမ်းချမ်းရေးဆု ပေးအပ်ပွဲကို ဇွန်လ ၁၇ ရက်တွင် ကျင်း ပမည် ဖြစ်ကြောင်း နော်ဝေ သံတမန် သတင်းရပ်ကွက်က ဆိုသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နှင့် အိုင်ယာလန် နိုင်ငံများသို့လည်း သွားရောက်မည်ဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် သူ၏ ၆၇ နှစ်မြောက်မွေးနေ့ကို ဗြိ တိန်နိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ နှစ်ပေါင်း၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်လည်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။