အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ရောင်းချမှုမှ အပ ရင်းနှီးမြုပ်နှံမှု၊ ဘဏ္ဍာရေး ဆိုင်ရာ ကန့်သန့်ချက် ကိစ္စပါဝင်သည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ယာယီ ရုပ်သိမ်းလိုက်ကြောင်း ကြေညာလိုက်သည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲများကို အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်တို့၏ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ပြောဆိုလိုက်ပြီး နှစ်နိုင်ငံ သံအမတ်များ အမည်စာရင်းကိုလည်း ကြေညာသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell က တာဝန်ယူမည်ဖြစ်ပြီး မြန်မာဘက်မှ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးသန်းဆွေက အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် တာဝန်ယူမည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။