ထိုင်းနိုင်ငံတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာ အလုပ်သမားများအရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ ရှမ်းပြည်နယ် ညောရွှေမြို့နယ် အင်းလေး ဒေသတွင် ရွှေနန်းတော် ဟိုတယ်၌ မေ လ ၁၅ ရက်မှ ၁၇ ရက်အထိ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးကြ သည်။ ယင်းဆွေးနွေးပွဲသည် ၁၁ ကြိမ်မြောက်ဖြစ်ပြီး မြန်မာအလုပ်သမားများအတွက် အထောက်အထားများ ထုတ်ပေးရေး၊ ကောက်ခံငွေ များ အနည်းဆုံး လျှော့ချပေးရေး၊ အကာအကွယ်ပေးရေ၊ အလုပ်သမား သစ်များ စေလွှတ်ရေး၊ အလုပ်သမားများ၏ သားသမီးများအတွက် အထောက်အထားများ ထုတ်ပေးရေးနှင့် ပညာသင်ကြားရေး များကို အဓိက ဆွေးနွေးကြကြောင်း သိရသည်။ မြန်မာ အာဏာပိုင်များဘက်က အလုပ်သမား ဒု ဝန်ကြီး ဦးမြင့်သိန်း ဦးဆောင်သည့် ကိုယ်စားလှယ် ၁၈ ဦး နှင့် ထိုင်းဘက်က အလုပ် သမား ဝန်ကြီး Mr. Phadermchai Sasomusb ဦးဆောင်သည့် ကိုယ်စားလှယ် ၃၁ ဦးတက်ရောက် ဆွေးနွေးကြကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။