စစ်တပ်ကိုယ်စားလှယ် မပါသည့် လွှတ်တော် ဖြစ်ရန်၊ လူထု ကိုယ်စားပြု လွှတ်တော် ဖြစ်ရန် အချိန်စောသေးကြောင်းနှင့် စစ်တပ် တွင်း၌လည်း ဒီမိုကရေစီ ရှိကြောင်း ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသော ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက ပြောဆိုလိုက် သည်။ ထို့အပြင် အခြေခံ ဥပဒေကို ပြင်ဆင်ရန် ပြဌာန်းထားသော ဥပဒေများလည်း ရှိထားပြီးဖြစ်၍ အကြောင်းညီညွတ်လျှင် ပြင် ဆင်နိုင်သော အနေအထားရှိသည်ဟု ဦးရွှေမန်းက လန်ဒန်မြို့၌ ဘီဘီစီ နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသွားသည်။ ဦးရွှေမန်း သည် ဥရောပ ပါလီမန်များကို လေ့လာရန် ရောက်ရှိနေခြင်းဖြစ်ပြီး မေလ အစောပိုင်းတွင် ဂျမနီ၊ ဘယ်လ်ဂျီယန်၊ နော်ဝေ စသည့် နိုင်ငံများသို့ သွားရောက်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။