မြန်မာနိုင်ငံ တနင်္သာရီတိုင်း ထားဝယ် ရေနက်စီမံကိန်းနှင့်စက်မှုဇုန် စီမံကိန်း များနှင့်ပတ်သက်သည့် စီမံကိန်းပေါင်း ၂၀၃ ခု အတွက် ထိုင်း အစိုးရ က ဘတ်ငွေ ဘီလီယံ ၃၀ ကျော် သုံးစွဲရန် လျာထားလိုက်ကြောင်း သိရသည်။ ယမန်နေ့က ကျင်းပသော ဝန်ကြီး အဖွဲ့အစည်းအဝေးက ထိုင်းနိုင်ငံ ခရိုင် ၈ ခရိုင် ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ယင်း လျာထားချက်ကို အတည်ပြုလိုက်ကြောင်း၊ စီမံကိန်းပေါင်း ၆၀ ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် အတွက် ဘတ်ငွေ ၁ ဘီလီယံ အသင့်ရှိကြောင်း ထိုင်းအစိုးရ ပြောခွင့်ရ Anusorn Iamsa-ard က ပြောဆိုသည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။