ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ မေလ ၁၉ ရက်က ဒုတိယ အကြိမ် တွေ့ဆုံ ဆွေးနွေးကြသည်။ တြိဂံတိုင်း စစ်ဌာနချုပ်တွင် ကျင်းပသော ယင်းဆွေးနွေးပွဲကို အစိုးဘက်မှ ဒု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ရထားဝန်ကြီး ဦးအောင်မင်းတို့ ဦးဆောင်၍ SSA-S ဘက်က ဒု ဗိုလ်ချုပ်ကြီး ရွက် ဆစ်(ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ဥက္ကဌ)နှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြကြောင်း အစိုး ရ သတင်းများတွင် ဖော်ပြထားသည်။ ဆွေးနွေးရာတွင် မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေး၊ စစ်ကြောင်း သွားလာရေး၊ တပ်နေ ရာ ချထားရေး အပါအဝင် အချက် ၁၂ ချက် ကို သဘောတူညီမှု ရရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။