အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)က ခေါ်ယူစစ်ဆေးနေစဉ် ရုံးအဆောက်အအုံပေါ်မှ ပြုတ်ကျ သေးဆုံးသွားသည့် ရှမ်း တိုင်းရင်းသူ မနန်းဝိုးဖန် ၏ ခင်ပွန်း ဂျပန်နိုင်ငံသား မစ္စတာ နာမဆဲမိုတိုဟီ ကို အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅(ဇ)ဖြင့် ဖမ်းဆီးပြီး တရားစွဲဆိုထားကြောင်း သိရသည်။ မနန်းဝိုးဖန် ဝယ်ယူထားသည့် ခြံမြေ တန်ဖိုး ကျပ် သိန်း သုံးသောင်း ခန့်ရှိသော ငွေကြေးသည် မစ္စတာ နာမဆဲမိုတိုဟီ က ထောက်ပံ့ခြင်းဖြစ်သည်ဟူသော စွဲချက်ဖြင့်ဖမ်းဆီး၍ ရန်ကုန်မြို့ လှိုင်သာယာ တရားရုံးတွင် တရားစွဲဆိုထားကြောင်း ယင်းအမှုကို လေ့လာနေသူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။ မနန်းဝိုးဖန်သည် စသုံးလုံးက စစ်ဆေးနေစဉ် မတ်လ ၂၄ ရက်က ရုံးအဆောက်အအုံ ပေါ်မှ ပြုတ်ကျ သေဆုံးခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။