သတင်းတို
ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ ထပ်မံရရှိ
This article has been converted from Zawgyi One to Unicode
အမေရိကန်နိုင်ငံရှိ ဂျွန်ဟော့ကင်း တက္ကသိုလ်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒီဂရီ ဘွဲ့ပေးအပ်ကြောင်း ယမန်နေ့က ထုတ်ပြန်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာဒီမိုကရေစီ အရေးကို အကြမ်း မဖက် သည့်နည်းဖြင့် ဆောင်ရွက်သူဖြစ်ပြီး မိသားစု ဘ၀ ကိုရင်းနှီး၍ စွန့်လွှတ်အနစ်နာခံခဲ့ခြင်းတို့ကြောင်း ပေးအပ်ခြင်းဖြစ်သည်ဟု ဂျွန်ဟော့ကင်း တက္ကသိုလ်က ဆိုသည်။ ယင်း ဘွဲ့ကို မေလ၂၄ ရက်တွင် ချီးမြှင့်မည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် တက်ရောက်နိုင်မည် မဟုတ်ကြောင်းလည်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ကလည်း ဂုဏ်ထူးဆောင်ဘွဲ့နှင့် နိုင်ငံ တကာက ဆုများစွာ ချီးမြှင့် ခံထားရသည်။