သတင်းတို
အစိုးရ ငြိမ်းအဖွဲ့သစ်နှင့် KIO ပထမဆုံးအကြိမ်တွေ့
This article has been converted from Zawgyi One to Unicode
ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သစ်တို့ ယမန်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေး ကြသည်။ ယခုတွေ့ဆုံမှုသည် အလွတ်သဘော တွေ့ဆုံခြင်းဖြစ်ပြီး အစိုးရဘက်က ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့် KIO ဘက်က ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သည့် အဖွဲ့တို့ တွေ့ဆုံကြခြင်း ဖြစ်ကြောင်း သိရသည်။ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် KIO က ဧပြီလကုန်ပိုင်းတွင် အစိုးရကို ကမ်းလှမ်းထားသည်။ အစိုးရ နှင့် KIO တို့သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ် မတ်လ အကြား ၃ ကြိမ်ခန့် တွေ့ဆုံခဲ့ကြသော်လည်း ရေရာ သည့် သဘောတူညီချက် တစုံတရာ မရရှိသေးပေ။