သတင်းတို
လျှပ်စစ်မီး ရရှိရေး ဆန္ဒပြသူများ အဖမ်းခံရ
This article has been converted from Zawgyi One to Unicode
မန္တလေးမြို့တွင် လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒပြမှုကြောင့် ဦးဆောင်သူတချို့အပါအဝင် ဆန္ဒပြသူ ၄၀ ဦးခန့်ကို ယနေ့နံနက်စောစော ပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ အဖမ်းခံရသူများတွင် စာရေးဆရာ ညီပုလေး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဒေါ်ခင်သန်းမြင့်၊ ဘကြီးအောင်၊ ကိုဝင်းဇော်ဦး၊ ကိုချစ်ရင်၊ ကိုမြင့်စိုး နှင့် မေတ္တာကမ်ပိန်းမှ ဒေါ်အမာနီ တို့ ပါဝင်ကြောင်း မန္တလေးမြို့ခံ သတင်းသမားတဦးက ပြောသည်။ ၎င်းတို့သည် လျှပ်စစ်မီးရရှိရေးအတွက်၂ ရက်ဆက်တိုက်ဆန္ဒပြကြခြင်း ဖြစ်သည်။