ဧရာဝတီတိုင်း မအူပင်ခရိုင် ဓနုဖြူမြို့ပေါ်ရှိ ငါးလုပ်ငန်းဦးစီးဌာနကို ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ရန် ချောင်းဖျားအင်း ဒေသခံ ရွာသား ၁၅၀ ကျော် ယနေ့နံနက် စုရုံးချီတက်နေကြောင်း ကာယကံရှင်များထံမှ စုံစမ်းသိရှိရသည်။ ချောင်းဖျားအင်းအား ဒေသခံ အင်းလုပ်သားများ လုပ်ကိုင်ခွင့်ရရှိရေး၊ အင်းစည်းကမ်း ချိုးဖောက်လုပ်ကိုင်သူ စီးပွားရေးလုပ်ငန်းရှင်အား ထိရောက်စွာအရေးယူ ပေးရေးနှင့် အင်းလုပ်ငန်းနှင့် ပတ်သက်၍ ခိုးမှုဖြင့် စွတ်စွဲခံထားရသူ ၉ ဦးကိုလည်း ချွင်းချက်မရှိ ပြန်လွှတ်ပေးရေးတို့ကို တောင်းဆိုမည်ဖြစ်ကြောင်းသိရသည်။ ထိုတောင်းဆိုချက်များ အပါအဝင် ဆန္ဒပြခွင့်ကို ဒေသခံများက သက်ဆိုင်ရာ အာဏာပိုင်များထံ ယခုလ ၁၇ ရက်နေ့က တောင်းဆိုထားပြီး ထိုတောင်းဆိုချက်များ မရရှိပါက နာရီပိုင်းအတွင်း ဆန္ဒပြတောင်းဆိုသွားမည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။