• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြစ်ဆုံစီမံကိန်း ဆက်လုပ်နိုင်ရန် CPI ကြိုးပမ်းနေ

by ကျော်ခ
22 May 2012
in သတင်း
A A
မြစ်ဆုံစီမံကိန်း ဆက်လုပ်နိုင်ရန် CPI ကြိုးပမ်းနေ

မြစ်ဆုံ စီမံကိန်းနယ်မြေအတွင်း ကျနေရောက်နေသဖြင့် ဖျက်သိမ်းရန် အကြိမ်ကြိမ် ဖိအားပေးခံနေရသော နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ လက်ဝါးကပ်တိုင်အား ဒေသခံများက မွမ်းမံ ကိုးကွယ်နေကြသည်ကို တွေ့ရစဉ်(ဓာတ်ပုံ- KDNG)

10.3k
VIEWS
Share on FacebookShare on Twitter

သမ္မတအမိန့်ဖြင့် ဆိုင်းငံ့ထားသော ကချင်ပြည်နယ်ရှိ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်စတင် နိုင်ရန် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း China Power Investment (CPI)က တွန်းအားပေး ကြိုးပမ်းနေကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန် ရက်(KDNG) က ပြောဆိုလိုက်သည်။

မြစ်ဆုံ စီမံကိန်းနယ်မြေအတွင်း ကျနေရောက်နေသဖြင့် ဖျက်သိမ်းရန် အကြိမ်ကြိမ် ဖိအားပေးခံနေရသော နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ လက်ဝါးကပ်တိုင်အား ဒေသခံများက မွမ်းမံ ကိုးကွယ်နေကြသည်ကို တွေ့ရစဉ်(ဓာတ်ပုံ- KDNG)

မြစ်ဆုံစီမံကိန်းကြောင့် အကျိုးရလဒ်များရှိကြောင်း သက်သေပြနိုင်ရန်အတွက် မြန်မာအစိုးရ၏ တောင်းဆိုချက်ဟု ဆိုကာ CPI ကုမ္ပဏီက  အပြည်ပြည်ဆိုင်ရာ ဆည်ကြီးများ ကော်မရှင်အဖွဲ့ International Commission on Large Dams (ICOLD) နှင့် မြစ် ဆုံစီမံကိန်းကို စစ်ဆေးသုံးသပ်မှုများ ပြုလုပ်နေသည်ဟု တရုတ်ပြည် သတင်းများနှင့် မြစ်ဆုံစီမံကိန်းတို့ကို အခြေခံပြီး KDNG က ထုတ်ပြန်ပြောဆိုခြင်းဖြစ်သည်။

RelatedPosts

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
29
ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
77
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
610

“မြစ်ကြီးနားကိုတော့ ရောက်လာတာ မတွေ့ရသေးပေမယ့် တရုတ်ပြည်ထဲကရတဲ့ သတင်းအချက်အလက်တွေအရ ICOLD အဖွဲ့က မြန်မာအစိုးရဘက်က တောင်းဆိုမှု၊ CPI ရဲ့ကြိုးပမ်းမှုတွေနဲ့ မြစ်ဆုံ စီမံကိန်းကို စစ်ဆေးသုံးသပ်မှုတွေ လုပ်နေပြီလို့ သိရတယ်”ဟု KDNG ပြောရေးဆိုခွင့်ရှိသူ မဆိုင်းမိုင် က ဧရာဝတီသို့ ပြောသည်။

ICOLD သည် ပြင်သစ်နိုင်ငံတွင် အခြေစိုက်သည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်ပြီး CPI ကုမ္ပဏီအပါအဝင် နိုင်ငံတကာ ရေအားလျပ်စစ် ကုမ္ပဏီများနှင့် စုပေါင်းဖွဲ့စည်းထားသော အဖွဲ့ဝင် နိုင်ငံပေါင်း ၉ဝ ကျော်ရှိ၍ နိုင်ငံတကာမှ ဆည်ဆောက်လုပ်ရေး တတ်သိ ပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများ၊ မိုးလေဝသ ပညာရှင် များနှင့် ဖွဲ့စည်းထားသည်။

ထိုအဖွဲ့သည် မြစ်ဆုံစီမံကိန်း တည်ဆောက်နေသော CPI ကုမ္ပဏီနှင့် ရင်းနှီးကျွမ်းဝင်သော အဖွဲ့ဖြစ်ကြောင်း၊ ထိုအဖွဲ့၏ လက်ရှိ
ဥက္ကဌမှာ တရုတ်နိုင်ငံသား ဒေါက်တာ ဂျင်ရှင်း (Dr. Jinsheng JIA) ဖြစ်ပြီး ၎င်းသည် တရုတ်နိုင်ငံ အကြီးစား ရေကာတာ စီမံကိန်း ကော်မရှင်(CHINCOLD)၏ ဒုတိယ ဥက္ကဌ အဖြစ်လည်း တာဝန် ထမ်းဆောင်နေသူတဦး ဖြစ်ကြောင်း သိရသည်။

၁၉၈၂ ခုနှစ်တွင် ICOLD ကို စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများရှိ ဆည်တည်ဆောက်မှုများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိရန် အကြံပေးခြင်း၊ ဆည်ကြံ့ခိုင်မှုရှိရန် အကြံပေးခြင်းနှင့် စီးပွားရေးဆိုင်ရာ အကျိုးရလဒ်များ တွက်ချက်ပေးခြင်းတို့ ပြုလုပ် နိုင် ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု  ICOLD ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာ ပြည်သူလူထု၏ သံသယစိတ်များကို ပယ်ဖျောက်ရန်အတွက် မြစ်ဆုံရေကာတာ စီမံကိန်းကို လက်ရှိအချိန်တွင် ICOLD အဖွဲ့က စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ICOLD ၏ အဖွဲ့ဝင်လည်းဖြစ်သည့် တရုတ်နိုင်ငံ အကြီးစား ရေကာတာ စီမံကိန်း ကော်မရှင်မှ အထွေထွေ အတွင်းရေးမှူး ရှောင်ဇင်ပင်း(Xu Zeping) ကလည်း တရုတ်သတင်းဌာန money.163.com သို့ ဖြေကြားခဲ့သည်။

ယင်းသတင်းကို ယခုလ ၁၆ ရက်နေ့က money.163.com အင်တာနက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ကာ လ သတ်မှတ်ထားမှုကို ဖော်ပြထားခြင်းမရှိသော်လည်း ICOLD ၏ ဤလေ့လာမှုတွင် လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လုံခြုံရေး ဆိုင်ရာ အခြေအနေများအားလုံးကို သုံးသပ်သွားမည်ဟု ဖော်ပြထားသည်။

မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်မှ ယင်းသို့ ကြိုးပမ်းလာမှုကို ဖော်ပြကြသော်လည်း မြန်မာအစိုးရဘက် က သတင်း ထုတ်ပြန်ခြင်း မရှိပေ။

သို့သော် မြစ်ဆုံဆည် အပါအဝင် ဆက်လက် ဆောက်လုပ်ရန်ရှိသည့် ဆည်စီမံကိန်းကြီးများတွင် ICOLD ၏ အကြံပြုချက်များ ရ ယူရန် မြန်မာနိုင်ငံ ဆည်ကြီးများဆိုင်ရာ ကော်မရှင်တရပ် (Myanmar Commission on Large Dams-MCOLD)ဖွဲ့စည်းရေးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအမတ် လျှပ် စစ် ဒု ဝန်ကြီးဟောင်း ဦးမျိုးမြင့်က အဆိုတင်သွင်းခြင်းကို ပထမအကြိမ်ပြုလုပ်သော လွှတ်တော်တွင်ပင် ကန့်ကွက်သူမရှိအတည် ပြုပေးခဲ့သည်ဟု အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင် က ဧရာဝတီသို့ ပြောသည်။

ထိုကော်မရှင်ကို လွှတ်တော်က အတည်ပြုပေးလိုက်သော်လည်း ဗဟိုအစိုးရက အကောင်ထည်ဖော်ခြင်း ရှိမရှိကိုမူ လွှတ်တော် အမတ်များက မသိရှိသေးကြောင်း ပြောဆိုသည်။ MCOLD အဖွဲ့တွင် မြန်မာဆောက်လုပ်ရေး ပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများ၊ မိုးလေဝသ ပညာရှင်များနှင့် ငလျင် ပညာရှင်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

“အဓိက ကတော့ သမ္မတ ပါပဲ။ ဒီစီမံကိန်းကို သူ့လက်ထက်မှာ မလုပ်ဘူးဆိုတာကို ကျနော်တို့ လွှတ်တော်ကို တရားဝင် စာပို့ခဲ့ တာပဲ။ ကတိပြုထားတာပါ။ ဒါကြောင့် ဒီအစိုးရသက်တမ်းမှာတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး စဉ်းစားစရာမလိုပါဘူး”ဟု ဦးဖုန်းမြင့် အောင် က ပြောသည်။

မြစ်ဆုံစီမံကိန်းကို သမ္မတ အမိန့်ဖြင့် ရပ်ဆိုင်းခဲ့သော်လည်း စီမံကိန်းဧရိယာအတွင်း စက်ယန္တရားများ၊ တရုတ် ဝန်ထမ်းများ ရှိနေ သေး ကြောင်း၊ ထို့အတူ မြစ်ကြီးနားမြို့ပေါ်ရှိ CPI ရုံးကိုလည်း ဖွင့်လှစ်ထားပြီး ဝန်ထမ်းများ အလုပ်လုပ်ကိုင်နေစဲဖြစ်ကြောင်း KDCG က ပြောသည်။

“CPI အနေနဲ့ ဘယ်လိုပဲ တွန်းအားပေး ကြိုးပမ်းနေပါစေ။ ဒီဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြော တခုဖြစ်တဲ့ ဒီစီမံကိန်းအတွက် ပြည်သူလူထုရဲ့ ဆုံးဖြတ်ပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့် ရှိတယ်။ လူထုကလည်း ဒီဥစ္စာ ဆိုးကျိုးတွေ ဘယ်လောက်များ တယ်ဆိုတာ သိပြီးသား ဆက်ပြီး မဆောက်သင့်ဘူး။ အခုလို ကြိုးပမ်းမှုတွေ လုပ်လာတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ဆန့်ကျင်တာနဲ့ အတူတူပဲ”ဟု မဆိုင်းမိုင် က ပြောသည်။

CPI ကုမ္ပဏီကလည်း မြစ်ဆုံဆည် တရားဝင် ဆက်လက်တည်ဆောက် လုပ်ကိုင်နိုင်ရေးကို မြန်မာအစိုးရနှင့် အကြိမ်ကြိမ် ကြိုးပမ်း နေသည်ဟု ၎င်းက ဆိုသည်။

ယခင်လ ၁၈ ရက်နေ့က မြစ်ဆုံအနီး မှ အဓမ္မ အပြောင်းရွှေ့ခံရပြီး အောင်မြင်သာ စံပြကျေးရွာသို့ ရောက်ရှိနေသော ဒေသခံတချို့ကို CPI ကုမ္ပဏီ အရာရှိ LU Qizhou က လာရောက် စည်းရုံးနေခြင်းကို KDNG က ရုပ်သံမှတ်တမ်း ပြုစု၍ ဖော်ထုတ်ခဲ့သည်။

အဆိုပါ ရုပ်သံမှတ်တမ်းတွင် Mr. LU Qizhou က“သတင်းတွေမှာပါတဲ့ မြစ်ဆုံအကြောင်းကို ခင်ဗျားတို့လည်း သိမှာပါ။ မြစ်ဆုံရေ ကာတာ ဆောက်လုပ်ရေးဟာ လုံးဝ စိတ်ချရပါတယ်လို့ ဒီနေရာမှာ အာမခံပါတယ်”ဟု ကရွာသားများကို ပြောဆိုသွားခဲ့သည်။

သို့သော် ထိုမြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် ဖြစ်လာမည့် ဆိုးကျိုးများကြောင့် စီမံကိန်းကို ဆက်လုပ်ဆောင်ရန် မသင့် တော့ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း Biodiversity And Nature Conservation Association (BANCA) အဖွဲ့၏ အတွင်းရေးမှူး ဦးမောင်မောင်ပြုံးက ပြောသည်။

BANCA အဖွဲ့သည် မြစ်ဆုံဆည် တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို ပညာရှင် ၈၀ ပါတဲ့ အဖွဲ့နှင့် အတူ၂၀၀၉ ခုနှစ် ဇန်နဝါရီ ကနေ မေလအထိ ၅ လကြာ ကွင်းဆင်း စစ်ဆေး၍ လေ့လာခဲ့သည့် အဖွဲ့တွင် ပါဝင်ခဲ့ပြီး ထိုစဉ်က BANCA ၏ အစီရင်ခံစာတွင်လည်း မြစ်ဆုံတွင် ဆည်တည်ဆောက်ရန်မသင့်ကြောင်း ထောက်ပြခဲ့သည်ဟု ဆိုသည်။

“ဒီဧရာဝတီမြစ်ကြီးဆိုတာ မြန်မာပြည် တပြည်လုံးကို ဖြတ်လာတဲ့မြစ်ဆိုတော့ အန္တရာယ်က ဘယ်လောက်အထိ ဖြစ်လိမ့်မယ် ဆို တာ ဘယ်လိုမှ တွက်လို့ မရဘူး။ အခုပြောနေတာတွေက လေ့လာ မှန်းဆချက်တွေပါ။ ဘယ်သူမှ ဘယ်လောက်ဖြစ်လာမယ် ဆို တာ ပြောလို့မရဘူး။ အခုဟာက ပတ်ဝန်းကျင် ထိခိုက်ရုံတင် မကဘူး။ မြစ်ကြီးနားမြို့ပြည်သူတွေရဲ့ အန္တရာယ်လည်း ရှိသေးတာ ကိုး”ဟု ဦးမောင်မောင်ပြုံး က ဧရာဝတီသို့ ပြောသည်။

တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI သည် တရုတ်နိုင်ငံသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန်အတွက် စစ်ပွဲများ ဖြစ်ပွားနေသော ကချင်ပြည်နယ်တွင်းရှိ ဧရာဝတီမြစ်နှင့် ယင်းမြစ်လက်တက်များတွင် ရေကာတာ ၇ ခုကို အဓိက လုပ်ဆောင်နေသော ကုမ္ပဏီ ဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနား ဝိုင်းမော် မြို့နယ် အစရှိသည့် မြစ်ဆုံဒေသတွင် CPI က အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၆၀၀ ခန့် ရင်းနှီးမြုပ်နှံပြီး အေးရှားဝေါလ် ကုမ္ပဏီက ဆောက်လုပ်ရေးတာဝန်ယူ တည်ဆောက်သည့် ရေအားလျှပ်စစ်အတွက် ဆည် ၈ ဆည် စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သမ္မတ အမိန့်ဖြင့် ထုတ်ပြန် ကြေညာ ခဲ့ သည်။

မြစ်ဆုံစီမံကိန်းကို ဆက်လက် တည်ဆောက်သွားမည်ဟု သံန္နိဋ္ဌာန်ချ၍ ပြောဆိုခဲ့ဖူးသည့် အမှတ် ၁ လျှပ်စစ် စွမ်းအားဝန်ကြီး ဦးဇော်မင်း က မြန်မာနိုင်ငံကထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများ ပိုလျှံ၍ နိုင်ငံခြားသို့ ရောင်းစားရခြင်းဖြစ်သည်ဟု ဆိုသော်လည်း မန္တလေးမြို့ပေါ်တွင် လျှပ်စစ်မီးရရှိရေးအတွက် မေလ၂၀ ရက်နေ့မှစတင်ကာ ဖယောင်းတိုင်မီးများထွန်း၍ ဆန္ဒပြတောင်းဆို နေကြ သည်။

အလားတူ ပဲခူးတိုင်း ပြည်မြို့နှင့် ရန်ကုန်တိုင်း တွံတေးမြို့များတွင်လည်း လျှပ်စစ်မီး ရရှိရေးဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

Your Thoughts …
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.5k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
111k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.3k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.6k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post

စပယ်ပွင့် အထည်ချုပ် စက်ရုံတွင်လည်း အလုပ်သမားများ ဆန္ဒပြ

စာရေးဆရာ ညီပုလေး ပြန်လွတ်

Please login to join discussion
No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
4.5k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
4.1k

Most Read

  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate