မန္တလေး၌ လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုနှင့်ပတ်သက်၍ စာရေးဆရာ ညီပုလေးအား ရဲ အထူးသတင်းတပ်ဖွဲ့(SB)က ခေါ်ယူမေးမြန်းပြီး နောက် မကြာခင် အချိန်အတွင်း ပြန်လည် လွှတ်ပေးလိုက်သည်။ SB က ဆရာ ညီပုလေးအား ဆန္ဒပြမှုနောက်ကွယ်တွင် မည်သူ က ကြိုးကိုင်နေသလဲဟု သိလို၍ မေးမြန်းခြင်းဖြစ်ကြောင်း သိရသည်။ ဆရာ ညီပုလေးမှာ ဆန္ဒပြရာတွင် ပါဝင်ခြင်းမရှိဘဲ ဘေးမှ ဓာတ်ပုံရိုက်ခြင်းကိုသာ ပြုလုပ်သည်ဟု ဆိုသည်။ လျှပ်စစ်မီးရရှိရေး ၂ ရက်ကြာ ဆန္ဒပြခဲ့ကြသူများထဲမှ လူ ၄၀ ခန့်ကို ယနေ့ နံနက် ပိုင်းက စတင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။