မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဇွန်လ ၁၄ ရက်နေ့တွင် ဂျနီဗာတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ၌ ကိုယ်တိုင် ပထမဆုံးအကြိမ် ပြည်ပမိန့်ခွန်းကို ပြောကြားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အလုပ်သမားရေးရာရုံး အကြီးအကဲက ယနေ့ပြောကြားလိုက်သည်။ ILO ညွှန်ကြားရေးမှူးချုပ် Juan Somavia က လာမည့်လကျင်းပမည့် ILO ညီလာခံသည် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံက ပြည်ပခရီးထွက်လာပြီးနောက် ပြည်ပရောက် မိန့်ခွန်းပြောကြားမည့် ပထမဆုံးနေရာဖြစ်ကြောင်း ယနေ့တွင် ပြောသည်ဟု AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်က မိခင်ကျန်းမာရေး မကောင်း၍ ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်ခဲ့ပြီးနောက်ပိုင်း ယခုခရီးစဉ်သည် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။