ရန်ကုန်မြို့ ဆူးလေဘုရားရှေ့တွင် လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။ ဒေသခံ ပြည် သူများ အပါအဝင် အလုပ်သမားအဖွဲ့ ၊ ကျောင်းသား အဖွဲ့၊ လယ်သမားအဖွဲ့များနှင့် နိုင်ငံရေး အကျဉ်းသားအရေး ဆောင်ရွက် နေ သည့် အဖွဲ့များ က ဖယောင်းတိုင်များထွန်း၍ အသံတိတ် ဆန္ဒပြမည် ဖြစ်ကြောင်း၊ ထို့နောက် ဆူးလေဘုရားပေါ်သို့ တက်ရောက်ဆု တောင်းမှု ပြုလုပ်မည် ဖြစ်ကြောင်း YPI သတင်းဌာန ဖေ့စ်ဘုတ် စာမျက်နှာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။