သတင်းတို

၂၀၁၄-၂၀၁၅ တွင် တဦးချင်း ဝင်ငွေ ၃ ဆ တိုးရန် ရည်မှန်း

This article has been converted from Zawgyi One to Unicode

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တဦးချင်း ဝင်ငွေ ၃ ဆ တိုးရန် ရည်ရွယ်ထားကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် လယ်ယာ ကဏ္ဍနှင့် ပတ်သက်၍ ညှိနှိုင်း အစည်အဝေးတွင် ပြောကြားခြင်း ဖြစ်ပြီး အမျိုးသား အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး(GDP) လျာထား ရည်မှန်းချက် ကိုလည်း ၃ ဆ တိုးရေး အကောင်အထည်ဖော်ရန် ပြောဆိုကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

Loading