မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသော လျှပ်စစ်မီး မလုံလောက်မှု အခက်အခဲ ပြေလည်ရေးအတွက် အမေရိကန်၊ ဂျပန် နှင့် တောင်ကို ရီးယားနိုင်ငံများမှ ကုမ္ပဏီများနှင့် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။ အမေရိကန်မှ General Electric နှင့် Caterpillar ကုမ္ပဏီ ၊ ဂျပန်မှ J Power နှင့် တောင်ကိုရီးယားမှ BKB ကုမ္ပဏီများ ဖြစ်ကြောင်း၊ ဂျပန်မှ J Power နှင့် တောင်ကိုရီးယား BKB ကုမ္ပဏီများ က ရန်ကုန်မြို့အနီးတွင် ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ စွမ်းအင်များဖြင့် ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား စက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း၊ ကျောက်မီးသွေးမှ မဂ္ဂါဝပ် ၆၀၀ ၊ သဘာ၀ ဓာတ်ငွေ့မှ မဂ္ဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း ဆင်ဟွာ သတင်းက ဆိုသည်။ ယခုရက်ပိုင်းတွင် လျှပ်စစ်မီး လုံလောက်စွာ ရရှိရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးတချို့၌ ဆန္ဒပြမှုများ ဖြစ်ပေါ်လျှက်ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။