“စက်ရုံ အလုပ်ရုံ လုပ်ငန်းရှင်များသို့ ၈၈ မျိုးဆက်ကျောင်းသားများမှ ပန်ကြားလွှာ” တစောင်ကို ယနေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ အဆိုပါ ပန်ကြားလွှာတွင် ယခုရက်များအတွင်း စက်မှုဇုန်အသီးသီး၌ အလုပ်သမား ဆန္ဒပြမှုများ နှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများက အလုပ်သမားများနှင့် တွေ့ဆုံကာ အလုပ်ရှင် အလုပ်သမားကြား ပူးပေါင်းဆောင်ရွက်ရေးကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ ဒီမိုကရေစီဖော်ဆောင်ရာတွင် ဈေးကွက်စီးပွားရေးစနစ် ပီပြင်ရေး ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ အားကောင်းခိုင်မာရန်လိုကြောင်း၊ ထို့အတွက် အလုပ်ရှင်နှင့် အလုပ်သမား များအကြား ဖြစ်ပေါ်လာသော ပြဿနာများ ကို ဖြေရှင်းရာ၌ တဖက်နှင့် တဖက် မိတ်ဖက်အကျိုးစီးပွား ဖော်ဆောင်နေ ကြသူများအနေဖြင့်လည်းကောင်း၊ အပြန်အလှန် လေးစားမှုများဖြင့်လည်းကောင်း၊ ညှိနှိုင်းအဖြေရှာကြစေလိုကြောင်း တိုက်တွန်းထားသည်။
အလုပ်သမား အခွင့်အရေး တောင်းဆိုမှုများတွင် အကြမ်းဖက်ဆူပူခြင်း၊ အင်အားသုံးဖြိုခွင်းခြင်း နည်းလမ်းများကို ၈၈ မျိုးဆက်ကျောင်းသားများက သဘောမတူကြောင်း၊ စက်ရုံ အလုပ်ရုံ လုပ်ငန်းရှင်များအနေဖြင့် အမျိုးသားအကျိုးစီးပွား အလို့ငှာ အမြန်ဆုံး ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာကြရန် ပန်ကြားထားသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။