သတင်းတို

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံ ကျင်းပမည်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် New Myanmar Investment Summit 2012 အမည်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံ တခုကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယင်းညီလာခံကို Parkroyalဟိုတယ် ၌ လာမည့် ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဓာတ်သတ္တူ တူးဖော်ရေး၊ စက်မှုလုပ်ငန်း၊ ဆက်သွယ်ရေး၊ လယ် ယာ စိုက်ပျိုးရေးနှင့် ခရီးသွားလာရေး စသည့်စီးပွားရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ဆွေးနွေးရန် ရှိကြောင်း နည်းပညာဆိုင်ရာ အင်တာနက်စာမျက်နှာ cmt.com ၌ ဖော်ပြထားသည်။ ညီလာခံတွင် မြန်မာ အပါအဝင် ဂျပန်၊ ထိုင်း စသည့် မြန်မာတွင် ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံများက တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာ နိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် အတည်ပြုထားပြီးဖြစ်၍ မကြာမီ ပြဌာန်းတော့မည် ဖြစ်သည်။

Loading