သတင်းတို
RNDP ပါတီ ညီလာခံကျင်းပရန် နေရာ ငှားရမ်းခွင့်မပြု
This article has been converted from Zawgyi One to Unicode
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) ၏ ပထမ အကြိမ် ညီလာခံ ကျင်းပရန်အတွက် စစ်တွေမြို့ရှိ ဦးဥတ္တမ ခန်းမ အား အသုံးပြုခွင့်မရကြောင်း သိရသည်။ RNDP ညီလာခံကို မေ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် တခုလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်၍ ဦးဥတ္တမ ခန်းမ ၌ ကျင်းပရန် ငှားရမ်းသော်လည်း ပြည် နယ် ဝန်ကြီးချုပ်နှင့် စည်ပင်သာယာ ဝန်ကြီးတို့က အကြောင်းအမျိုးမျိုးပြ၍ ငှားရမ်းခွင့် မပြုခြင်းဖြစ်သည်ဟု RNDP က ပြော သည်။ ဦးဥတ္တမ ခန်းမ အသုံးပြုခွင့်မရ၍ စစ်တွေဘုရားကြီး အနီးရှိ ပညာလင်္ကာရ ဘုန်းကြီးကျောင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ယင်း ညီလာခံ၌ ဥက္ကဌ သစ်နှင့် ဗဟို အလုပ်အမှုဆောင် သစ်များ ရွေးချယ်ရန် ရှိသည်ဟုလည်း သိရသည်။