သတ္တုတွင်း သတင်းရေးသူ ဖော်ထုတ်ရန် လျှောက်ထားချက် တရားရုံးပယ်ချ
This article has been converted from Zawgyi One to Unicode
သတ္တုတွင်း ဝန်ကြီးဌာန မှ The Voice Weekly ဂျာနယ်ကို တရားစွဲဆိုထားမှုတွင် သတင်းရေးသားသူ ဖော်ထုတ်ပေးရန် လျှောက် ထားချက်ကို ပယ်ချလိုက်ကြောင်း ဒဂုံမြို့နယ် တရားရုံးက ယနေ့ ဆုံးဖြတ်ချက် ချမှတ်သည်။ ပင်မ တရားစွဲဆိုမှု ဖြစ်သော ပုဒ်မ ၅၀၀ အတွက် ဇွန်လ ၆ ရက်နေ့တွင် နှစ်ဖက် ရှေ့နေများ လျှောက်လဲရမည်ဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် မတ်လ အတွင်းက ထုတ်ဝေသော The Voice ဂျာနယ်၌ သတ္တုတွင်းဝန်ကြီးဌာန အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၏ မုံရွာ ကြေးနီ စီမံကိန်းမှ အစုရှယ် ယာ ၅၀ ရာခိုင်နှှုန်းကို ဒေါ်လာ သန်း ၁၀၀ ဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်သို့ ရောင်းချခဲ့သည့် ဖြစ်စဉ်တွင် ငွေပေးချေမှုများအား ဦးပိုင်လီမီတက်က ပေးဆောင်ရမည့်အစား နိုင်ငံခြားကုမ္ပဏီတခုမှ ပေးဆောင်ခဲ့ခြင်းများ ပါဝင်ကြောင်း သတင်းအချက် အလက်များနှင့် ပတ်သက်ပြီး တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။ The Voice ဂျာနယ်၏ သတင်းသည် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအား ကိုးကား၍ ရေးသားထားခြင်း ဖြစ်သည်။