အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ အစိုးရသစ်က နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုှုများ လုပ်ဆောင်နေသော်လည်း ထိုအပြောင်းအလဲ နောက်ကွယ်တွင် တိုင်းရင်းသား ဒေသများ၌ လူသားမျိုးနွယ်အပေါ် မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။ အထူးသဖြင့် ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အဓမ္မ အလုပ်ခိုင်းစေမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ကလေးငယ်နှင့် ဒေသခံတချို့ကို တရားမဲ့ သတ်ဖြတ်မှုများ မြန်မာစစ်တပ်က ကျုးလွန်နေကြောင်း AI က ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။