သတင်းတို
မြေဈေးကြီးရင် FDI လာမည်မဟုတ်
This article has been converted from Zawgyi One to Unicode
မြေဈေးကြီးလွန်း၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများ နောက်ပြန်လှည့်နေကြသည်ဟု သမ္မတစီးပွွားရေးအကြံပေး ဒေါက်တာဦးမြင့်က ပြောဆိုကြောင်း ရန်ကုန်အခြေစိုက် 7Day News ဂျာနယ်က သတင်းရေးသားပေးပို့သည်။ စက်မှုဇုန်မြေဈေးများ အိမ်နီးချင်းနိုင်ငံများထက် များစွာမြင့်နေကြောင်း၊ မြေဈေးကို ထိပ်သီး စီးပွွားရေးလုပ်ငန်းရှင်ကြီးများက ထိန်းချုပ်ထားပြီး ဈေးကစားကြောင်း၊ အစိုးရက ဈေးကွက်ကို ဝင်မဖြေရှင်းဘဲ လက်ရှိအတိုင်း လွှတ်ပေးထားပါက ရင်းနှီးမြှုပ်နှံလိုသူတို့ မြန်မာဈေးကွက်တွင်း ဝင်ရောက်လာမည် မဟုတ်ဟု ဒေါက်တာဦးမြင့်က သတိပေးပြောဆိုခဲ့သည်။