ပြည်မြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်သူများကို ယနေ့နံနက် ၁၀ နာရီခန့်က လမ်းမတော်လမ်းထောင့်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက် တားဆီးကြောင်း၊ ဆန္ဒထုတ်ဖော်သူများထဲမှ ၅ ဦးကို ဖမ်းဆီး သွာကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်သူများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်ပြီး ဒဏ်ရာရသူများ ရှိကြောင်း၊ ပြည်မြို့ အကျဉ်းထောင်ရှေ့တွင် လူ ၂၀၀ ခန့် ဆန္ဒပြနေကြောင်း သိရသည်။ မန္တလေးမြို့အနှံ့လည်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကို နေရာချထားပြီး လျှပ်စစ်မီးရရှိရန် ဆန္ဒထုတ်ဖော်သူများကို တားဆီးမှုများရှိသည်ဟု ဒေသခံများက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။