အမေရိကန် နိုင်ငံ ဂျွန် ဟော့ပ် ကင်း တက္ကသိုလ် ၌ ယမန်နေ့က ကျင်းပသော ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ပေးအပ်သည့် အခမ်း အနားတွင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယို မိန့်ခွန်း ပြောကြားသည်။ ပရိသတ် ထောင်ချီ တက်ရောက်သည့် ယင်း အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အိန္ဒိယ မှ Amartyr Sen အပါအဝင် ကမ္ဘာ့ စီးပွားရေး နိုဘဲလ် ဆုရှင် ၅ ဦးကို ဂုဏ် ထူးဆောင်ဘွဲ့ ချီးမြှင့်ခြင်း ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား Johns Hopkins တက္ကသိုလ် Bloomberg ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု ကျောင်းက နိုင်ငံ တကာ HIV/AIDS ဆိုင်ရာ သုတေသနဌာန အကြီးအကဲ ပါမောက္ခ Dr. Chris Beyrer က ပါရဂူဘွဲ့ကို လက်ခံယူကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။