သတင်းတို

ကမ္ဘာ့စီးပွားရေး ဖိုရမ် ၌ ဦးသိန်းစိန် မိန့်ခွန်းပြောမည့် အစီအစဉ် ဖျက်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယခုလကုန်ပိုင်းတွင် ကျင်းပမည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့ သမ္မတ ဦးသိန်းစိန် တက်ရောက်မည် ဖြစ် သော်လည်း မိန့်ခွန်း ပြောကြားတော့မည် မဟုတ်ကြောင်း သိရသည်။ မူလက ဦးသိန်းစိန်သည် ဇွန်လ ၁ ရက်တွင် မိန့်ခွန်းပြောရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုသာ ပွဲထုတ်မည်ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝိုင်းကို ကိုးကား၍ Straits Time သတင်းတွင် ဖော်ပြထားသည်။ ကမ္ဘာ့စီးပွားရေး ဖိုရမ် ကို မေလ ၃၀ နှင့် ဇွန် ၁ ရက်နေ့များတွင် ကျင်းပ မည်ဖြစ်ပြီး အာဆီယံနိုင်ငံများ၏ စီးပွားရေးကို အထူးပြုဆွေးနွေးမည် ဖြစ်သည်။

Loading