မြန်မာနိုင်ငံတွင်း၌ လတ်တလော ဖြစ်ပေါ်နေသော လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြ လူထုကို အကြမ်းမဖက်သည့် နည်းဖြင့် ဖြေရှင်း ရန် အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝမ် က မြန်မာအစိုးရကို သတိပေး ပြောကြားလိုက်သည်။ စစ်အုပ်ချုပ်ရေး မှ ဒီမိုကရေစီ စနစ်ဆီ အသွင်ကူးပြောင်းရာ၌ ဖြစ်မြဲ ကိစ္စရပ်များအနေဖြင့် ရှုမြင်ရန် လိုကြောင်း၊ လက်ရှိသွားနေသော လမ်းမှသွေဖည် မသွားရန်နှင့် အတိုက်အခံများအပေါ် ဖိနှိပ်မှုများ မပြုလုပ်ရန် အရေးကြီးကြောင်း ဆူရင် ပစ်ဆူဝမ်က ရိုက်တာ သတင်းဌာနသို့ ပြော ဆိုသည်။ အာဆီယံအနေနှင့် မြန်မာနိုင်ငံ၏ အခက်အခဲများကို ကူညီ ဖြေရှင်းပေးရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားသည်ဟု လည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။