သတင်း

မီးမရရင် ပင်လယ်စာတွေ ပုပ်ကုန်မယ်

This article has been converted from Zawgyi One to Unicode

စက်ရုံ၊ အလုပ်ရုံများအား လျှပ်စစ်မီး လုံးဝဖြတ်တောက်လိုက်ခြင်းကြောင့် ပြည်ပတင်ပို့ရန် သိုလှောင်ထား သည့် အမေရိ ကန်ဒေါ်လာ သန်း ၂၀၀ ဝန်း ကျင် တန်ဖိုး ရှိသည့် ငါး၊ ပုစွန် များ ဆုံးရှှုံးသွားနိုင်ဖွယ် ရှိကြောင်း သိရသည်။

ငါး၊ ပုစွန် စသည့်ရေထွက်များ အအေးဓာတ် မလုံလောက် ပါက ပုပ်သိုးသွား နိုင်သည့်အပြင် လျှပ်စစ်မီး မရရှိသည့် အတွက် ကုန်ကြမ်း ပစ္စည်းများ လည်း ဝယ်ယူ သိုလှောင်ရန် အ ခက် အခဲများရှိ (ဓာတ်ပုံ- Getty Images)

ရန်ကုန်မြို့ရှိ အအေးခန်း စက်ရုံ ၂၃ ရုံ၌ သိုလှောင်ထားသည့် ငါး၊ ပုစွန် စသည့်ရေထွက်များ အအေးဓာတ် မလုံလောက် ပါက ပုပ်သိုးသွား နိုင်သည့်အပြင် လျှပ်စစ်မီး မရရှိသည့် အတွက် ကုန်ကြမ်း ပစ္စည်းများ လည်း ဝယ်ယူ သိုလှောင်ရန် အခက်အခဲများရှိနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ဧရာဝတီ ကိုပြော သည်။

“လည်ပတ်နေတဲ့ ၂၃ ရုံမှာ အလုပ်သမားက အဆိုင်းလိုက် ဆိုရင် ၁၀၀၀ လောက် ရှိတယ်၊ မီး မရတော့ ကုန်ကြမ်းတွေ ထပ်ပြီး ဝယ်မလှောင်ကြ တော့ဘူး၊ ဒီတော့ အလုပ်သမားတွေ အတွက် လည်း အခက်အခဲတွေ ဖြစ်လာနိုင်သေးတယ်” ဟု ဦးဝင်းကြိုင် က ဆို သည်။

ရန်ကုန်မြို့၌ အအေးခန်း စက်ရုံ ၇၀ ကျော်ရှိသော်လည်း ၂၃ ရုံသာ ပုံမှန်လည်ပတ်နိုင်ပြီး၊ ကျန်စက်ရုံများမှာ အကြောင်းအမျိုး မျိုးကြောင့် ရပ်နားထားရကြောင်း၊ လျှပ်စစ်မီး မလုံလောက်ပါက လက်ရှိ ၂၃ ရုံ နှင့် အလုပ်သမားများ ရေရှည်လည်ပတ်နိုင်ရေး ၊ ပင်လယ်ပြင်ရှိ ငါးဖမ်းလှေများနှင့် ရေလုပ်သားထောင်ပေါင်းများစွာ တို့လည်း အခက်အခဲများ ရှိလာနိုင် သည် ဟု ၎င်း က ဆက်ပြော သည်။

နိုင်ငံပိုင် စက်ရုံ တချို့နှင့် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများ ၌ ကိုယ်ပိုင် မီးစက်များရှိသည်ဟုဆိုကာ လျှပ်စစ်မီးပေးဝေမှုကို မေလ ၁၉ ရက်နေ့မှ စ၍ လုံး၀ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း၊ ပြည်သူများ ကိုမူ  တရက် ၆ နာရီနှှုန်း၊ အလှည့်ကျ စနစ်ဖြင့်မီးပေး သွား မည် ဟု မေလ ၂၂ ရက်နေ့ထုတ် အစိုးရ သတင်းစာများ က  ကြေညာခဲ့ သည်။

“အရင်က တနေ့ကို လျှပ်စစ်မီး ၅ နာရီဝန်းကျင်ရတော့ ကျန်တဲ့ အချိန်မှာ ကိုယ်ပိုင် မီးစက်တွေနဲ့ အအေးဓာတ်ပေးလို့ရတယ်၊ အခုက လုံး၀ မီးမရ တဲ့အတွက် ကိုယ်ပိုင် မီးစက် အချိန်ပြည့် သုံးနေရတော့ စက်တွေက ရေရှည်မခံနိုင်ရင် ဒေါ်လာ သန်း ၂၀၀ ဖိုး ငါး၊ ပုစွန်တွေ ဆုံးရှှုံးသွားနိုင်တာပေါ့” ဟု ဦးဝင်းကြိုင် က ဆိုသည်။

အအေးခန်းများ၌ သိုလှောင်ထားသည့် ငါး၊ ပုစွန်များ အတွက် အအေးဓာတ်ကို အနှှုတ် ၁၈ ၊ ၂၀ ဒီဂရီ စင်တီ ဂရိတ်အထိ လျော့ ချနေရကြောင်း၊ ထိုကြောင့် ကိုယ်ပိုင် မီးစက်များရှိသော်လည်း ရေရှည်တွင် ခံနိုင်ရည်အား လျော့ကျ၍ စက်ချွတ် ယွင်း မှုများ ဖြစ် လာနိုင်ကြောင်း သိရသည်။

အအေးခန်းလုပ်ငန်းများသည် လျှပ်စစ်ကို အဓိကထားရသည် လုပ်ငန်းများဖြစ်၍ အချိန်ပြည့်မရသည့်တိုင် ညသန်းခေါင် အချိန် ၌ လျှပ်စစ်မီးရရှိရေး အတွက် ရေလုပ်ငန်းရှင်များ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသအစိုးများနှင့်ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးဝေရေးအဖွဲ့တို့ထံ အကူအညီတောင်းခံထား ကြောင်း သိရ သည်။

လျှပ်စစ်မီး အခက်အခဲကြောင့် ရေထွက်ကုန်ကြမ်းပစ္စည်းများ ဝယ်ယူသိုလှောင်မှု ရပ်ဆိုင်းသွားပါက ပြည်ပပို့နေသည့် ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ခေတ္တရပ်ဆိုင်းသွားနိုင်သည်။ အလားတူ ငါးမွေးကန်များ၏ ထုတ်လုပ်မှု လုပ်ငန်းများလည်း လျော့ကျလာပြီး ဈေးကွက်၌ ရေထွက်ကုန် ပစ္စည်းများ ပြတ်လပ်မှု  ဖြစ်ပေါ်လာနိုင်သည်။

မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများ အား အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများ၊ တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ ဥရောပ နိုင်ငံ တချို့သို့ တင်ပို့လျက် ရှိ ကြောင်း သိရသည်။

ပြည်ပတင်ပို့သည့် ရေထွက်ကုန် ပစ္စည်းများမှ နှစ်စဉ်ဝင်ငွေ ဒေါ်လာ သန်း ၄၀၀၊ ၅၀၀ ဝန်းကျင် ရှိခဲ့ ပြီး၊ ၂၀၁၁-၂၀၁၂  ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ သန်း  ၆၀၀ အထိ ပိုမိုရရှိခဲ့ ကြောင်း၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ အထိမျှော် မှန်းထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန ၏ ထုတ်ပြန် ချက်အရ သိရသည်။

လက်ရှိဖြတ်တောက်ထားသည့် လျှပ်စစ်မီးသည် ရက်ပိုင်းခန့်သာ ဖြတ်တောက်ထားခြင်း ဖြစ်ပါက ပြည်ပပို့ ရေထွက် ပစ္စည်းမှ ရရှိသည့် ဝင်ငွေ လျော့ကျသွားဖွယ် မရှိကြောင်း၊ လက်ရှိ သိုလှောင်ထားသည့် ရေထွက်ပစ္စည်း ပမာဏတန် ဖိုးကြီး မား၍ တာဝန်ရှိသူများ အနေဖြင့်လည်း အမြန်ဆုံး ဖြေရှင်းပေး မည်ဟု ယူဆ ကြောင်း  ဦးဝင်းကြိုင် က ပြောသည်။

လျှပ်စစ်မီး ဖြတ်တောက်ခံထားရမှုကြောင့် ရေထွက်ကုန် ပစ္စည်းများကဲ့သို့ တခြားသော စက်ရုံ၊ အလုပ်ရုံများ သည်လည်း လည် ပတ်ရန် ခက်ခဲနေပြီး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ကျဆင်းလာကာ ထုတ်ကုန်ပစ္စည်းများ ဈေးကြီးမြင့်လာနိုင်ကြောင်း၊ လှိှုင် သာယာ စက်မှုဇုန်များ ၌ အလုပ်သမားဦးရေ ၅၀၀၀၀ ဝန်းကျင်ရှိကြောင်း၊ လှှိုင်သာယာ စက်မှုဇုန်များ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က လည်း ဧရာဝတီ ကို ပြောသည်။

စက်ရုံ၊ အလုပ်ရုံများသည် အစိုးရ ဌာနမှ လျှပ်စစ်မီးဖြင့် လည်ပတ်ပါက တယူနစ်လျှင် ကျပ် ၅၀ သာကုန်ကျပြီး၊ ကိုယ်ပိုင် မီး  စက်အသုံးပြု ပါက တယူနစ်လျှင် ကျပ် ၃၀၀ ကုန်ကျကြောင်း လုပ်ငန်းရှင်များ ကပြောသည်။

Loading