သတင်းတို
လျှပ်စစ်မီး ရရှိရေး ဆန္ဒပြမှုများ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ
This article has been converted from Zawgyi One to Unicode
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လျှပ်စစ်မီး လုံလောက်စွာရရှိရေး ဆန္ဒပြမှုများကို ထောက်ခံကြောင်း ယမန်နေ့ကပြောကြား လိုက်သည်။ သို့သော် တနိုင်ငံလုံး နေ့ချင်းညချင်း လျှပ်စစ်မီးရရှိရန် မဖြစ်နိုင်သေးကြောင်းလည်း ၎င်းကဆိုသည်။ ရန်ကုန်တိုင်း အလုံမြို့နယ် NLD ရုံးဖွင့်ပွဲ၌ ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။ ယခုရက်ပိုင်းများအတွင်း ရန်ကုန်နှင့် မန္တလေး အပါအဝင် နယ်မြို့တချို့တွင် လျှပ် စစ်မီး ရရှိရေး ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိသည်။