သမ္မတ ဦးသိန်းစိန် အတွက် လူမှုရေး၊ စီးပွားရေးနှင့် နည်းပညာ ဆိုင်ရာ အကြံပေး ကောင်စီ ဖွဲ့စည်းရန် ပြင်ဆင်နေကြောင်း သိရ သည်။ ယင်းကောင်စီတွင် ရန်ကုန် စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဟောင်း ဦးမော်သန်း၊ ပါမောက္ခ ဦးအောင်ထွန်းသက်၊ Myanmar Egress မှ ဥက္ကဋ္ဌ ဦးတင်မောင်သန်း၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဦးလှမောင်ရွှေ၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟု ဖွံဖြိုးရေးအဖွဲ့မှ ဒေါက်တာ ဇော်ဦး၊ သမ္မတ စီးပွားရေး အကြံပေး ဦးဆက်အောင်၊ KMD ဦးသောင်းတင်၊ ဒေါက်တာ သန့်မြင့်ဦး အပါအဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း RFA ရေဒီယို သတင်းက ဆိုသည်။ ယခင်ကလည်း ဒေါက်တာ ဦးမြင့်၊ ဦးကိုကိုလှိုင်တို့ ဦးဆောင် သည့် သမ္မတ ၏ စီးပွားရေး၊ နိုင်ငံရေး အကြံပေး အဖွဲ့များ ဖွဲ့စည်း ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။