သတင်းတို
လက်နက်ကုန်သည်ဟု ယူဆရသူ နှစ်ဦးကို ထိုင်းက ဖမ်းထား
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့်အတူ ပြီးခဲ့သည့် အပတ် စနေနေ့က ဖမ်းဆီး လိုက်သည်။ အဆိုပါ ထိုင်းနိုင်ငံသား ၂ ဦးကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ် အတွင်းရှိ စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနတခုဖြစ် သော Dailynews အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ သက်သေခံ ပစ္စည်းများအဖြစ် ကျည်ဆန် အတောင့် ၁၀၀၀ နှင့် သေနတ် အတို ၂၄ လက်တို့ကို သိမ်းဆည်း ရမိကြောင်း ယင်း သတင်းက ဆိုသည်။