ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်(WEF)သို့ သမ္မတ ဦးသိန်းစိန် တက်ရောက်မည့် အစီအစဉ်ကို ဖျက် လိုက်ကြောင်း သိရသည်။ ထိုင်း အစိုးရ၏ ဖိတ်ကြားချက်အရ ဦးသိန်းစိန်သည် လာမည့်အပတ် သောကြာနေ့တွင် WEF သို့တက်ရောက်၍ မြန်မာနိုင်ငံ အနာဂတ် နှင့် ပတ်သက်ပြီး မိန့်ခွန်းပြောရန် အစီအစဉ်ရှိသော်လည်း ယင်းအစီအစဉ်ကို ဖျက်လိုက်ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသော အစိုးရ အရာရှိကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။ WEF တွင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည် ဖြစ်ပြီး မိန့်ခွန်းပြောရန် အစီအစဉ်ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။