အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် ဇနီး ရှရီမာတီ ဂူရှာရန်ခါသည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ်အဖြစ် ယမန်နေ့က ရောက် ရှိလာပြီး ယနေ့တွင် သမ္မတ ဦးသိနိးစိန်နှင့် တွေ့ဆုံ ဆွေးနွေးရန်ရှိကြောင်း သိရသည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံ နယ်စပ်ရေးရာ၊ ကုန်သွယ်ကူးသန်းရေးနှင့် စီးပွားရေး ကဏ္ဍများအပြင် စွမ်းအင် ကဏ္ဍကို အဓိက ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းများက ဖော်ပြ သည်။ မန်မိုဟန်ဆင်းသည် မနက်ဖြန်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရသည်။ အိန္ဒိယ ဝန်ကြီးချုပ် တဦးအနေနှင့် နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်ခြင်းလည်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။