ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ ယုဇန ရပ်ကွက်တွင် ယနေ့ နံနက် ၆ နာရီခန့်က အင်အားပြင်းမိုင်း တလုံး ပေါက်ကွဲ ခဲ့ကြောင်း မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှ ရဲအရာရှိက ပြောသည်။ ပြည်တောင်စု လမ်းမကြီးဘေးရှိ စစ်မှုထမ်းဟောင်း ရုံးရှေ့တွင် ပေါက် ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမိုင်း အမျိုးအစားကို ပြောဆိုနိုင်ခြင်း မရှိသေးသော်လည်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။ ပေါက်ကွဲသည့်နေရာသို့ အာဏာပိုင်များက သွားရောက် စစ်ဆေးရာတွင် မိုင်းပေါက်ကွဲခဲ့သော နေရာနှင့် ၁၀ ပေ ခန့်အကွာတွင်လည်း မပေါက်ကွဲသေးသော မိုင်းတလုံး ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲက ပြောသည်။ ဖောက်ခွဲတရားခံကို စုံစမ်းနေဆဲဖြစ် ကြောင်းလည်း အမှတ် ၂ ရဲစခန်းက ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။