အိန္ဒိယနိုင်ငံ ရေပိုက်နက် အတွင်း တရားမဝင် ဝင်ရောက်ခဲ့သော မြန်မာနိုင်ငံသား ၉၀၀ ကျော်ကို အိန္ဒိယ အာဏာပိုင်များက ဖမ်း ဆီး ထောင်ချထားကြောင်း ယခုလ၂၆ ရက်နေ့ ထုတ် အစိုးရ သတင်းစာတွင် ရေးသား ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ ပို့ ဘလဲ အကျဉ်းထောင်တွင် ထောင်ဒဏ် ကျခံနေရသည့် မြန်မာနိုင်ငံသား ၉၀၀ ကျော်ရှိပြီး အများစုမှာ ရေလုပ်သားများ ဖြစ်ကြောင်း၊ ပြစ် ဒဏ်မှ လျှော့ပေါ့ရေး၊ လွတ်ငြိမ်းချမ်း သာခွင့်ပေးရေးတို့အတွက် သက်ဆိုင်ရာသို့ တင်ပြမေတ္တာရပ်ခံ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။