မြန်မာနှင့် ထိုင်း စီးပွားရေးလုပ်ငန်းရှင်များ ရန်ကုန်မြို့ရှိ အင်းလျားလိတ် ဟိုတယ်တွင် ယနေ့ မွန်းလွဲပိုင်း၌ တွေ့ဆုံဆွေးနွေး ကြ မည် ဖြစ်ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲကို ထိုင်းနိုင်ငံ Office of the Board of Investment (BOI)မှ Senior Executive Investment Advisor, Mrs. Hirunya Suchinal က ဦးဆောင်၍ စီးပွားရေး လုပ်ငန်း ကုမ္ပဏီ ၅၀ မှ အဖွဲ့ဝင် ၇၆ ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည် ထောင်စု သမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများ အသင်းချုပ် UMFCCI တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ယမန်နေ့က အစိုးရသတင်းစာ၌ ဖော်ပြသည်။။ ဆွေးနွေးပွဲ၌ စီးပွားရေး ကဏ္ဍအလိုက် ဆွေးနွေးကြမည် ဖြစ်ကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။