အစာငတ်ခံဆန္ဒပြ အလုပ်သမားအရေး ဆွေးနွေး
This article has been converted from Zawgyi One to Unicode
အလုပ်သမားများ အစာငတ်ခံဆန္ဒပြသည့် ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန် Crown သမဏိစက်ရုံ တွင် အလုပ်သမားများ၏ တောင်းဆိုမှုများ ပြေလည်မှုရရေး အတွက် အလုပ်သမား ခေါင်းဆောင်များ၊ အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ် ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ တွေ့ဆုံ ဆွေးနွေးကြသည်။ ထိုစက်ရုံ တွင် အလုပ်သမား ၂၀ ကျော်က အခြေခံလစာ တရက်လျှင် ၁၆၀ ကျပ်ရရှိနေမှုကို ကျပ် ၁၆၀၀ အထိ တိုးမြှင့်ပေးရန် ယခုလ ၂၅ ရက်နေ့က စတင် အစာငတ်ခံဆန္ဒပြခဲ့ရာ ယမန်နေ့က အဟာရဓာတ်ချို့တဲ့သူ ၇ ဦးရှိသွားပြီး ၁ ဦးကို ဆေးရုံတင်ထားရကာ ၆ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ထားကြောင်း သိရသည်။ ထို့အတူ ရာနှင့်ချီသော စက်ရုံ အလုပ်သမားများ ကလည်း အစာငတ်ခံ ဆန္ဒပြသူများ အနီးတွင် ထိုင် သပိတ်ပြုလုပ်ကာ တောင်းဆိုနေကြသည်။