အိန္ဒိယက မြန်မာနိုင်ငံသို့ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ပေးရန် သဘောတူညီကြောင်း သိရသည်။ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အချက် ၁၂ ချက်ပါ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ၌ လက်မှတ်ထိုး သဘောတူလိုက်ခြင်း ဖြစ်သည်။ အချက် ၄၆ ချက်ပါ နှစ်နိုင်ငံ ပူးတွဲကြေညာချက်ကိုလည်း ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြောင်း အစိုးရ သတင်းစာ များ၌ ယနေ့ ဖော်ပြထားသည်။ မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်အဖြစ် တနင်္ဂနွေနေ့က စတင်ရောက်ရှိလာခြင်း ဖြစ်ပြီး အိန္ဒိယ ဝန်ကြီးချုပ် တဦးအနေဖြင့် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်ခြင်းလည်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။