ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆိုက်ရောက်ဗီဇာကို လူတဦးလျှင် အချိန် တမိနစ်အတွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ အာဆီယံ အပါအဝင် သြစတြေးလျ၊ တရုတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ဗြိတိန်၊ အမေရိကန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား စသည့် နိုင်ငံပေါင်း၂၇ နိုင်ငံအတွက် သက်ဆိုင်ရာ နိုင်ငံသံရုံးများနှင့် နိုင်ငံတကာလေဆိပ်၊ website များမှ တဆင့် ဆက်သွယ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက်အုံ၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ပြောသည်။ လတ်တလောတွင် မလေးရှားနှင့် စင်္ကာပူသည် ဆိုက်ရောက်ဗီဇာကို အကန့်အသတ်ဖြင့် ခွင့်ပြုထားခြင်း မရှိသေး ကြောင်း သိရသည်။ ယင်း ဆိုက်ရောက်ဗီဇာနှင့် ပတ်သက်၍ စည်းကမ်းချက် ၉ ချက် သတ်မှတ်ထားပြီး ဗီဇာ အမျိုးအစား အလိုက် ငွေကြေး ကောက်ခံနှုန်းလည်း သတ်မှတ်ထားသည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။